Sunday, June 30, 2013
Monday, June 24, 2013
မောင်းမောင် နှင့်  သန်းအိနှမ
မောင်းမောင်
သန်းအိနှမ
သက်ဆုံးတိုင် 
အကြင်နာ အပြည့် 
ယုယမှုအစစ်နှင့် 
ထွေးပွေ့ ကာ 
ချစ်ခဲ့ ပါသည်။
ဘယ်သူမုန်းမုန်း
ကြည်သာအပြုံးနှင့်  
ချစ်ထုံးခိုင်မြဲ
အသည်းတိုင် 
စွဲလျက် 
နောင်လည်း ချစ်မြဲ 
ချစ်နေမယ်။ ။ 
သန်းအိနွယ် (မနွယ်)
၂၄ ဇွန်လ ၂၀၁၃
မိုးသောက်ယံ ၁း၂၀ 
(ထိုင်းစံတော်ချိန်)
Sunday, June 23, 2013
ဒေနိန်ရာ
မောင်ကြီးသျှင် မောင်းမောင်သို့ 
Home Sweet Home
သတိရရေ.. ဒေနိန်ရာချေ ကို အောက်မိန့် ရေ.
- ချမ်းလွန်းလို့  တစ်နိန့် လုံး အနွေးထည် မချွတ်တမ်း ဝတ်ခရရေ နိန်ရာ
- အီးလွန်းလို့  တစ်ပတ်လုံး ရီမချိုးခရရေ နိန်ရာ
- မောင်ချေတိ ချက်စွာကို စားကောင်းရင်း ဇိမ်ကျခရေ နိန်ရာ 
- စားကောင်းလို့  တစ်ရက်မှာ ထမင်း ၃ ပန်းကန် နီးနီး စားခရေ နိန်ရာ
- ရေဒီယို နားထောင် ရင်း တောင်ပေါ် တောင်အောက် လမ်းလျှောက်ခရေ နိန်ရာ
- အတွေးအခေါ် သစ်တိ ရဟိခရေ နိန်ရာ
- ဘဝမှာ မှီခို အားထားရာ ကျောက်ဆောင်ကြီး တစ်ခု ရဟိလိုက်ရေ နိန်ရာ
- အကျွန့် ဘဝ အတွက် မရှိမဖြစ်၊ မပါမဖြစ် အရေးကြီးရေ နိန်ရာ .... ဒေ နိန်ရာ။ ။
ဗျာလ
နဝရူပ ဗျာလ
ရခိုင် ဗျာလရုပ်တွင် ပါဝင်သော သတ္တ၀ါ ( ၉ ) မျိုး
 ..............................................................
၁။ ခြင်္သေ့ခေါင်းနှင့် လည်ဆံ ခြေလက်များ
၂။ သမင် မျက်လုံး
၃။ ကျား ပါးစပ်
၎။ ကြက်တူရွေး လျှာ
၅။ မြင်း နားရွက်
၆။ ဆင် နှာမောင်း
၇။ ကြံ့ အစွယ်
၈။ ခြူး ကိုယ်
၉။စာမရီ အမြီး
ဤသည်ကား ရခိုင်တို့၏ န၀ရူပခေါ် ဗျာလ ပုံတည်း။
ဘဝသံသရာ
ဒီသီချင်းစာသားလေးကို ဖတ်ရှုမိတဲ့ သူငယ်ချင်းတွေ လည်း ရင်ထဲမှာ တစ်ခုခု ကျန်နေခဲ့ ပါစေလို့ ..
မျှော်လင့် လျက် ....)
ဘ၀ သံသရာ - ဆရာကြီး ဦးသုခ
ဘ၀ သံသရာ ရှည်လျှား ထွေပြား မနေမနား တစ်သွားတည်း သွားကြတာ
ဘ၀ သံသရာတဲ့ ရှည်လျှား ထွေပြား မနေမနား တစ်သွားတည်း သွားကြတာ
ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တတ် ဆက်လက်ထွက်ခွာလာ
ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တတ် ဆက်လက်ထွက်ခွာလာ
လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္စရာ သင်္ခါရာ
ပျော်လိုက်ရွှင်လိုက် ငိုကာ ရယ်ကာ ဘယ်ဟာမတည်မြဲ
ဖောက်လွှဲ ဖောက်ပြန် အကြောင်းကံ ကံမ္မသကာ
သြော် လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္ဆရာ သင်္ခါရာတဲ့
ပျော်လိုက်ရွှင်လိုက် ငိုကာ ရယ်ကာ ဘယ်ဟာမတည်မြဲ
ဖောက်လွှဲ ဖောက်ပြန် အကြောင်းကံ ကမ္မသကာ
တွေ့ကြုံ ဆုံကွဲ တစ်ခရီးတည်း ၀မ်းနည်းဝမ်းသာ ၀ပ္တံသာ
ဖြစ်ချင်တာလည်း မဖြစ်ရပါ မဖြစ်ချင်ပါလည်း ဖြစ်ရမှာ
သြော် ဖြစ်ချင်တာတွေလည်း မဖြစ်ရပါ မဖြစ်ချင်တာတွေလည်း ဖြစ်ရမှာ
၃၁ ဘုံဝဋ်အတွင်းရောက်တော့ ကရွတ်ကင်းရှောက်တဲ့ တေးပုံမာ
အဲဒါ အဲဒါ အဲဒါ ဘ၀သံသရာ
ဘ၀ သံသရာ ရှည်လျှား ထွေပြား မနေမနား တစ်သွားတည်း သွားကြတာ
(ဘ၀ဆိုတာ သတ္တ၀ါတစ်ခုရဲ့ ဇာတိကအစမရဏအထိ
အဲဒီကာလကလေးလို့ သိကြရပါတယ်
အဲဒီဘ၀ဟာ တစ်ဘ၀တည်းနဲ့ ပြီးသွားကြမလား
ဘ၀ပေါင်းများစွာ ရွေလျားနေရတဲ့အတွက်သံသရာရယ်လို့
ဘုရားဟောတော်မူခဲ့ပါတယ်
အဲဒီလို ဘ၀သံသရာမှာ ဒီဘ၀ ဒီခန္ဓာ ဒီရုပ
ဟိုဘ၀ ဟိုခန္ဓာ ဟိုရုပ်
ဗြမ္မပြည် တ၀န်းဝန်း ၀ဋ်လကျင်း တရှုံ့ ရှုံ့ 
ကံမ္မဆိုတဲ့ စက်ခလုတ်ကြောင့် အရုပ်များ လှမ်းသလို လှမ်းနေကြရတာက)
ခရီးပန်းတိုင် မရောက်မချင်း တစ်ယောက်ဆင်း တစ်ယောက်တတ် ဆက်လက်ထွက်ခွာလာ
( အဲသလို သံသရာမဆုံးမချင်း သွားကြရတာက ဘယ်သူတွေရဲ့ ပယောဂပါလဲ စဉ်းစားကြည့်လိုက်တော့ )
သြော် လောဘရယ် ဒေါသရယ် မောဟရယ် အ၀ိဇ္ဇာ ပစ္ဆရာ သင်္ခါရာတဲ့
(အရင်းစစ်လိုက်တော့ အ၀ိဇ္ဇာ ပစ္ဆရာ သင်္ခါရာဆိုတဲ့အတိုင်း
စုံလုံးကန်းတဲ့ အ၀ိဇ္ဇာကြောင့်
သင်္ခါရဆိုတဲ့ ပြုပြင်တာတွေ စီမံတာတွေ ခံနေကြရတာပါပဲ
ဒါကို ဘ၀တိုင်း ဘ၀တိုင်းကောင်းတာလေးတွေ တွေ့ တော့ ပျော်လိုက်ကြ
မြူးစရာလေးတွေ့ တော့ ရွှင်လိုက်ကြ ဒုက္ခဆင်းရဲတွေ့ တော့ ငိုလိုက်ကြ
ကိုယ်လိုချင်တာလေးရတော့ ရယ်လိုက်ကြ
ဒါပေမယ့် ဘယ်ဟာမှ မမြဲကြပါဘူးတွေ့ တယ် ကြုံတယ် ဆုံတယ် ကွဲတယ်
ဝမ်းနည်းဝမ်းသာ ၀ိပံ္ပလာသတရားတွေမို့ 
့ဖြစ်ချင်တာလည်း ဖြစ်ချင်မှ ဖြစ်ကြမယ်
မဖြစ်ချင်ပါဘူးဆိုလဲလည်း မဖြစ်ချင်လည်း ဖြစ်ကြရမယ်
အဲဒီလို တေးဘူမက္က ၀ဋ်ဒုက္ခဆိုတဲ့
၃၁ ဘုံက လွတ်ကင်းအောင် ဇွတ်အတင်းထွက်နိုင်ကြဖို့ ကလဲ
သန်းခေါင်လကွယ် တောအုပ်အလယ် လမ်းမှားနေကြတဲ့ ခရီးသွားများသဖွယ်
ကရွတ်ပေါ် ကင်းများရှောက်သလိုဝိုင်းကြီးပတ်လည်
ဘ၀မဆုံးပဲနဲ့ ဒုက္ခစုံညီ ရင်ဝယ်ပိုက်နေကြရတဲ့အတွက်
ဒုက္ခသစ္စာ သမုဒယသစ္စာ နိရောဓသစ္စာ မဂ္ဂသစ္စာတွေရင်ဝယ်ပိုက်နိုင်အောင် ကြိုးစားကြဖို့ )
၃၁ ဘုံဝဋ်အတွင်းရောက်တော့ ကရွတ်ကင်းရှောက်တဲ့ တေးပုံမာ
အဲဒါ အဲဒါ အဲဒါ ဘ၀သံသရာ....။ ။
Wednesday, June 19, 2013
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်မှာ ၁၉၄၂နှစ်စ၍ ဘာတွေဖြစ်ခဲ့လဲ?
ဒီ အချက်အလက်များကို မောင်မောင်လွင် Facebook ကနိန် ရယူပါသည်။
လေးစားလျက်ပါ........
သံဃာတော်တွေကို အကြမ်းဖတ်သမားအဖြစ်ပြောနေသော အင်တာနက်လူမိုက်များသို့သမိုင်းဆိုတာ လိမ်၍မရဘူး။ မြန်မာပြည် ရခိုင်ပြည်နယ်မှာ ၁၉၄၂နှစ်စ၍ ဘာတွေဖြစ်ခဲ့လဲဆိုတာ ဒီထောက်ထားတွေက သက်သေဖြစ်ပါတယ်။ဦးဇင်းတို့တွေကရဟန်းတော်များဖြစ်သည့်နှင့်အညှီ သာသနာအလုပ်ကိုမလုပ် ဘူးပြောနေကြသော အင်တာနက်မှာ လူမိုက်များကိုသမိုင်းနှင့်သမိုင်းတန်းဖိုးကို နားလည်ကြပါ။ စာဆိုတာ ရေးတိုင်းကောင်းတာမဟုတ်ပါဘူး။အင်တာနက်သုံးတက်ယုံ ကွန်ပျူတာကိုင်နိုင်ယုံနဲ့ ကိုယ်ကို သွေးနထင်ရောက်နေ့သော အင်တာနက်မှာ တစ်ချို့သော နိုင်ငံရေး တော်လှန်ရေး လူမိုက်များနှင့် ၃၇နှစ်မင်းနတ်များကို ကုလားဇာတ်ထဲသွင်းသော ပညာတက် စာတန်းပြုစုရေးသမားကြီးများ ကိုယ်ပိုင်ဥာဏ် သုံးပြီး စဉ်စားတော်မှုကြပါ။ကိုယ်ပြောလိုက်တာလေးက အညှင်ပွားစရာတွေဖြစ်လာခဲ့ရင် မကောင်းပါဘူး။အခုတော့ အမေကျော်ဒွေတော်လွမ်းပြနေကြတဲ့ အင်တာနက်လူမိုက်များသိစေချင်ပါတယ်။
ဘူးသီးတောင်၊ မောင်တောမှ ဘင်္ဂါလီများသတ်၍ သေခဲ့ရပါသော မြောက်များစွာသော ရခိုင်သား၊ သူများ၏ အကြောင်းတွေကို ရော လျှစ်လျှူရှုနေကြမှာလား။ မိတ္ထီလာမှာ သေသွားတဲ့ ၃၄ ယောက်ကို လူမျိုးတုန်း သတ်ဖြတ်နေပါတယ်လို့ဆိုရင်။ ဘူးသီးတောင်၊ မောင်တောမှာ ရခိုင်တွေသေတာ ရေတွက်လို့တောင် မရတော့ပါ။ ဒုတိယကမ္ဘာစစ်ကစပြီ အခုထိလည်း အသတ်ခံနေရတုန်းပါဘဲ။ ဘယ်သူကများ လူ့အခွင့်အရေး အော်ဖူးပါသလဲ။ ကြောက်လန့်စွာနဲ့ ကိုယ့်ကိုယ့်ကို ကာကွယ်ရင်း၊ ကိုယ့်ရပ်ကိုယ့်ဒေသမှာ ကျီးလန့်စာ စားနေခဲ့ရတာကိုရော ဘယ်သူတွေ လာပြီးကူညီခဲ့ကြပါသလဲ။ ကုလားတွေ မီးလောင်တိုက်သွင်း လို့ ပျောက်ကွယ်သွားရတဲ့ရွာတွေလက်ညိုးထိုးမလွဲပါပဲ။
(၁၉၄၂ )ခုနှစ် ကုလားရခိုင် အဓီကရုဏ်း စတင်ဖြစ်ရခြင်း အကြောင်းတရားကား စစ်တွေမြို့မှ စတင်ဖြစ်ပွါးလေသည်၊ အင်္ဂလိပ်တပ်ဖြစ်သော ရာခ်ျပုကုလားစစ်သားများက ရခိုင်အမျိုးသမီးများကို အဓမ္မပြုကျင့် ရခိုင်အမျိုးသားများကို ကုလားအရပ်သားများနှင့် ပူးပေါင်း၍ အနိုင်ကျင့် နှိပ်စက်သတ်ဖြတ်ရာမှ မခံမရပ်နိုင်ဖြစ်ပြီး စတင်ဖြစ်ပွါးလာရခြင်းဖြစ်လေသည်။ ယင်းပြသနာသည် မြေပုံမြို့နယ်၊မင်းပြားမြို့နယ်၊ မြောက်ဦးမြို့နယ်၊ ကျောက်တော်မြို့နယ်များသို့ ကူးစက်သွားသည်။ ယင်းကိစ္စကို ရခိုင်နိုင်ငံရေးခေါင်းဆောင်များဖြစ်ကြသော ဦးပညာ သီဟ ၊ ဦးသာကျော်(ဘုံဘောက်)တို့ကပြန်ဖြေပေးသဖြင့်အထက်ပါမြို့များမှာ အေးဆေးငြိမ်သက်သွားခဲ့ပါသည်။အထက်ပါမြို့နယ်များမှ ထွက်ပြေးကြသော ကုလားများနှင့် ဘူးသီးတောင် မောင်တောမြို့နယ်များမှ ပညာတတ်ကုလားခေါင်းဆောင် အချို့သည် ယင်းဒေသရှိ ရခိုင်တိုင်းရင်းသားများနှင့် ရခိုင်ကျေးရွာများကို ချေမှုန်းသုတ်သင် သတ်ဖြတ်ကြရန် နှိုးဆော်စည်းရုံးကြလေသည်၊ ယင်းအချိန်တွင် (မေဂျာ ကျော်ခိုင်)သည် ၄င်းကိစ္စကို ထိမ်းသိမ်းရန် စစ်တွေမြို့မှ ကုလားခေါင်းဆောင်များဖြစ်သော ဦးယာဆိန်း(ရှေ့နေ)ဦးဆူတန်မာမတ် ၊ဦးဘိုးခိုင် စသောသူများနှင့် ကြိုးပမ်းသော်လည်း မအောင်မြင်သည့် အပြင် (မေဂျာ ဦးကျော်ခိုင် )ကိုယ်တိုင် ဘူးသီးတောင်မြို့နယ် ဂူတာပြင်ကျေးရွာတွင် ကုလားများ၏ ပစ်ခတ်လိုက်သော သေနတ်ဒဏ်ရာဖြင့်  သေဆုံးသွားရလေသည်။ (၁၉၄၂)ခုနှစ် မေလတွင် မောင်တောမြို့နယ်ရှိ ကုလားကျေးရွာ အားလုံးသည် လူစုရုံးပြီး လက်နက်ကိုင်များကိုင်ဆောင်လျှက် ရခိုင်ကျေးရွာများကို တိုက်ခိုက်ဖျက် ဆီး မီးရှို့ခြင်းများ စတင်ပြုလုပ်လာကြသည်၊ရခိုင်ကျေးရွာများကို ၀ိုင်းထားခြင်း ၊ လမ်းတံတားများအား ဖြတ်တောက်ဖျက်ဆီးထားခြင်းတို့ ပြုလုပ်ကြသည်။ မောင်တောမြို့ကို ဒုတ် ဒါး လက်နက် ကိုယ်စီဖြင့် ၀ိုင်းရံထားသည့် အင်အားမှာ(၂၀၀၀၀)နှစ်သောင်း ကျော် ကျော် လောက်ရှိမည်ဟု ခန်းမှန်းကြသည် ။၊မောင်တောမြို့ ၀င်ပေါက် ထွက်ပေါက် အားလုံးကို ပိတ်ဆို့ထားကြသည်၊ မောင်တောမြို့နယ် ပတ်ဝန်းကျင်ကျေးရွာများတွင်လည်း ကုလားများ ၀ိုင်းဝန်းထိုးခုတ်ကြသည်ဟု သတင်းများကြားကြရသည်။ ဒါးဒါဏ်ရာနှင့် မောင်တော မြို့ပေါ်သို့ တက်လာသော သူများမှာလည်း မနည်းလှပါ၊မောင်တောမြို့ အလယ်ရွာက ဟုထင်ပါသည် အိမ်ထောင်စုတစ်စု မနက်(၄နာရိ)လောက်တွင် ဘူးသီးတောင်သို့   ဖေါက်ထွက်ပြေးကြရာ  ကညင်တန်းမှာ ကုလားများ ခုတ်လွတ်လိုက်သော ကြောင့် ပါသွားသော ပစ္စည်းများအားလုံးလည်း လုယူခံရပြီး သွေးသံရဲရဲ ဖြင့်မြို့ထဲသို့ပြန်ဝင်ပြေးလာသည်ကိုတွေ့ရှိခဲ့ရသည်။
ယင်းနေ့ မိုးလင်းသည့်အချိန်မှ စ၍ ရရာပစ္စည်းများကို ထုတ်ပိုးပြီး ထွက်လာခဲ့ကြရာ လမ်းများပေါ်တွင် မိမိကဲ့သို့ အထုတ်အပိုးများဖြင့် ဟိုဟို ဒီဒီ ပြေးလွားနေကြသော ထိတ်လန့် ကြောက်လန့်နေကြသည့် ရခိုင်အုပ်စုလိုက်အုပ်စုလိုက် တွေ့ရပါသည်၊ ယင်းအချိန်က အစိုးရက ချိတ်ပိတ် ထားသော ဘုန်းကြီးကျောင်း ကွက်လပ်တွင် လူ(၅၀၀၀)လောက် စုမိလာကြသည်၊ မြောက်ဖက်ပိုင် ကညင်ချောင်းရွာများမှ လူများကို လည်းကောင်း၊ မြို့နှင့်နီးသော တောင်ပိုင်းရွာများဖြစ်သည့် မှော်ဝင်ရွာ ၊မကျီးချောင်းရွာ ၊ ရေဖုန်းပြင်ရွာ၊ ပန်းတောပြင်ရွာ စသော ရခိုင်ရွာများမှ လူများကိုလည်းတွေ့ရပါသည်။ အသက်ဘေးကို ကြောက်ရွံနေကြသော လူအုပ်ကြီးသည် ကလေးငိုသံ လူကြီးဆူညံသံများနှင့် ပွက်ပွက်ညံနေသည်၊ ထိုနေ့က စက်ရှင်တရားသူကြီး ဦးအောင်သာကျော် ဘူးသီးတောင်ငွေတိုက် မှ ငွေများကို သိမ်းဆည်းရန်နှင့် မောင်တောကို ကုလားများဝိုင်းရံထားကြောင်း သိရ၍ အကူအညီပေး ရန် ရောက်ရှိလာခြင်းဖြစ်သည်ဟု သိရပါသည်။ ဥိ၊းအောင်သာ ကျော်က ဘူးသီးတောင်သို့ ပို့ပေးမည်ဟု ပြောသည်၊ ဘူးသီးတောင်သို့သွားရန် စောင့်နေကြစဉ် မိုးသက်လေပြင်းကျပြိး မိုးအကြီးအကျယ် ရွာနေသောကြောင့် ဘူးသီးတောင်လမ်းပိတ်နေကြောင်း ကြားသိရပြန်သည်၊ စစ်သားအစောင့်အရှောက်နှင့် မသွားပါကလည်း သတ်ရန် လမ်းတလျှောက်လုံး ကုလားများ စောင့်နေကြကြောင်း ကြားသိရပြန်သည်၊
မနက်(၉)နာရီလောက်တွင်ဦးအောင်သာကျော်ကနတ်မြစ်တစ်ဖက်ကမ်း တက္ကနက်သို့ ပို့ပေးရန် ကြိုးစားမည်ဖြစ်ကြောင်းပြောပါသည်၊ နေ့လည်(၁၂)နာရီလောက်တွင် အောင်သာကျော် နှင့်အတူ အင်္ဂလိပ်စစ်ဗိုလ် တေလာ နှင့် နီပေါ ဂေါ်ရခါးစစ်သား ရောက်လာပြီး မောင်တောသင်္ဘောဆိပ်သို့ ပို့ပေးပါသည်၊ အာရကန် ဖလိုတီလာ ကုမ္မဏီပိုင် သင်္ဘောဖြင့် အခေါက်ခေါက် အခါခါ ပြေးဆွဲသော်လည်း မနိုင်မနင်း ဖြစ်နေလေရာ လှေသန်ဗာန်များနှင့် လည်း ပို့ပေးကြသည်၊ မောင်တောမြို့ တစ်ဖက်ကမ်း ယခု ဘင်္ဂလားဒေခ့်ျ နိုင်ငံ တက္ကနက်သို့ ရောက် ၍ ညဖက်တွင် တောက်မီးလျှံများတလိမ့်လိမ့် တက်လာသည်ကို တွေ့မြင်ရလေသည်၊ မောင်တောမြို့ကို ကျွန်တော်တို့ မရှိသည့်နောက်ပိုင်း ကုလားများ ထောင်သောင်းချီ ၀င်ရောက် လာကြရာ ရခိုင်အိမ်များတွင် ရှိသော ဆန် ဆီ ဆား ပုဂံ ခွက်ယောက် အိမ်ထောင်ပရိဘောက များပါမကျန် စိတ်တိုင်းကျ ယူငင်ကြပြီး နောက် အိမ်များ ကျောင်းများကို မီးရှို့ကြလေသည်၊ ဤအရေးအခင်းတွင် နတ်မြစ်ကမ်းခြေမှ ကျေးရွာများ ဖြစ်ကြသော ငါးခူရ ၊ ခြံပြင် ၊ရွက်ညှိုးတောင်၊ သရက်အုပ်၊ စသော ကျေးရွာများသည် လှေများဖြင့် နတ်မြစ်တစ်ဖက်ကမ်းသို့ ထွက်ပြေးလွတ်မြောက်ကြသော်လည်း ကမ်းခြေနှင့် ဝေးသော ရခိုင်ကျေးရွားဘားလုံးသည် ရွာလုံးကျွတ် အသတ်ခံခဲ့ရလေသည်၊ အချို့ရွာများသည် မယူတောင်တန်းကို ဖြတ်ကျော်ပြီးဘူးသီးတောင် ကျောက်တော် မြောက်ဦးနယ်များသို့လက်လွတ်ထွက်ပြေးကြသောသူများသည် ဘူးသီးတောင် လက်ဝဲတက်ရွာ မှ ကုလားများ ခုတ်၍လည်းကောင်း ၊ မောင်တောမြို့ တောင်ပိုင်းတွင် အသက်ရှင် လွတ်မြောက်သော ကျေးရွာများမှာ မရှိသလောက်နည်းပါးသည် အားလုံးရွာလုံးကျွတ် ခုတ်သတ်ခံခဲ့ရသည်၊ အလယ်သံကျော် ရဲစခန်းကို လက်နက်သိမ်းပိုက်ပြီး ရဲသားအား လုံးနှင့်  ကျေးရွာသားများအားလုံး ကို သတ်ဖြတ်ပစ်လိုက်ကြသည်၊ တပ်ထုံးပြင် ကျေးရွာအတွင်းရှိသမျှကလေး လူကြီးများသည် ရွာကို ကုလားများ ၀ိုင်းရံထားသောအခါ ဘုန်ူးကြီးကျောင်းသို့ ပြေးဝင်ခိုလှုံကြလေသည်၊ထိုအခါ ကုလားများသည် ရွာသားများနှုင့် ဘုန်းကြီးကျောင်းကိုပါ မီးရှို့လိုက်သဖြင့် ကလေး လူကြီး မိန်းမ ဘုန်ူးကြီး ကိုရင် ဖိုးသူတော် အားလုံး (၅၀၀)ကျော် အရှင်လတ်လတ် မီးရှို့ သတ်ဖြတ်ခြင်း ခံခဲ့ရလေသည်၊ တဖန် (၁၉၄၂)ခုနှစ် ဇွန်လတွင် ဗိုလ်ရန်အောင် ခေါင်းဆောင်သော ဗမာ့လွတ်လပ်ရေးအဖွဲ့သည် ဘူးသီးတောင်မြို့ကို သိမ်းပိုက်သောအခါ ဘူးသီးတောင် မောင်တော မြို့နယ်အတွင်းရှိ ဖြစ်ပွါးလျှက်ရှိသော ကုလား ရခိုင် အဓိကရုဏ်းနှင့် တပ်ပြေးကုလားများ၏ ဆူပူသောင်းကျန်ူးမှုကို ငြိမ်းချမ်းအောင်ဆောင်ရွက်ရန်မောင်တောမြို့နယ်ရှိ အုပ်ချုပ်ရေးတာဝန်ကျ ဘဂီလီကုလားများ နှင့် ဆက်သွယ်ခဲ့ရပါသသည်၊ ၄င်းတို့၏ ဖိတ်ခေါ်ချက်အရ ဗိုလ်ရန်အောင် ဗိုလ်မျိုးညွန့်တို့ ခေါင်းဆောင်သော တပ်စိတ်တစိပ် ကို စေလွတ်၍ ချစ်ကြည်ရေး ငြိမ်းချမ်းရေး အတွက် စေ့စပ်ကမ်းလှမ်းရန် ကုလားခေါင်းဆောင်များနှင့် စေလွတ်လိုက်လေသည်၊ ယင်းနေ့တွင် ကညင်တန်းကျေးရွာ အူရဒူကျောင်း (ယခု အထကကျောင်းဝင်း ပလီနေရာတွင် ကုလားခေါင်း ဆောင်းများက ချစ်ကြည်ရေး ထမင်းပွဲ တစ်ပွဲ တည်ခင်းလိုသည်ဆိုသဖြင့် ပါလာသော လက်နက်များကို တစ်နေရာတွင် စုပုံထား လေသည်၊ ထမင်းစားနေစဉ်ပင် ကြိုတင်စီစဉ်ထားသော သူများက ဗိုလ်ရန်အောင်တို့အဖွဲ့ကို ၀ိုင်းဝန်းခုတ်ကြသဖြင့် အုပ်ချုပ်သူ
တပ်မတော်အရာရှိ နှစ်ဦးနှင့် နောက်ပါအားလုံး သေဆုံးကြရလေသည်၊(၁၉၄၂)ခုနှစ် ကုလား ရခိုင် အရေးအခင်းတွင် (မောင်တောမြို့ မြောက်ပိုင်းတွင် လုံးဝပြန်လည်ထူထောင်ခြင်း မပြုနိုင်ဘဲ ပြိုပျက် ဆုံးရှုံးသွားသော ကျေးရွာများစာရင်း နှင့် အိမ်ခြေစာရင်းမှာ အောက်ပါ အတိုင်းဖြစ်ပါသည်၊
(၁) သစ်ပုတ်ချောင်းရွာ ( အိမ်ခြေ ၂၀ ) (၂)ကံပြင်ရွာ (အိမ်ခြေ ၄၃ ) (၃)ရေဖုန်းပြင်ရွာ(အိမ်ခြေ ၅၀ )
(၄) ပန်းတောပြင်ရွာ (အိမ်ခြေ ၅၀ ) (၅) မောင်ဦးရွာ (အိမ်ခြေ ၃၀ ) (၆) ခွဆုံပြင်ရွာ (အိမ်ခြေ ၄၅ )
(ရ) ပြင်ဖြူရွာ (အိမ်ခြေ ၄၅ ) (၈)ဒိုးတန်းရွာ (အိမ်ခြေ ၂၀၀ ) (၉) သက်ကေပြင်ရွာ (အိမ်ခြေ ၅၀)
(၁၀)၀က်ပိုက်ရွာ (အိမ်ခြေ ၆၀) (၁၁) ကျောက်ချောင်းရွာ( အိမ်ခြေ ၂၅) (၁၂) ပုဏ်ဏားဆပ် ရွာ(အိမ်ခြေ ၆၀)
(၁၃) သဲချောင်းရွာသစ် (၁၄) ငန်းချောင်းရွာ (အိမ်ခြေ ၅၀) (၁၅)ဒါကြီးစားရွာ (အိမ်ခြေ ၄၀)
(၁၆)ကျောက်ပြင်ဆိပ်ရွာ (အိမ်ခြေ ၃၀ ) (၁၇)ပြင်ဖြူချောင်းရွာ (အိမ်ခြေ ၅၀ ) (၁၈) ရေခပ်ချောင်းရွာ (အိမ်ခြေ ၅၀)
(၁၉)ငါးစားကြူးရွာ (အိမ်ခြေ ၆၀ ) (၂၀) ပြောင်ပစ်ရွာ (အိမ်ခြေ ၄၀) (၂၁)ပြင်ရှည်ရွာ (အိမ်ခြေ ၃၀ )
(၂၂) ဖရုံချောင်းရွာ (အိမ်ခြေ ၃၀ ) (၂၃) ဆင်သေပြင်အထက်ရွာ (အိမ်ခြေ ၄၀ ) (၂၄) ဆင်သေပြင် အောက်ရွာ (အိမ်ခြေ၂၀)
(၂၅) သဲဖြူချောင်းရွာ (အိမ်ခြေ ၄၀ ) (၂၆) ပြားသားမဲရွာ (အိမ်ခြေ ၁၅ ) (၂၇) တောင်ဖက်ရွာ (အိမ်ခြေ စာရင်းမရ
(၂၈) ဖေါက်ကျီတောင်ရွာ (အိမ်ခြေ ၃၀ ) (၂၉) အထက်ဘော်တူလာရွာ (အိမ်ခြေ ၄၂ ) (၃၀)အင်တူလာရွာ (အိမ်ခြေ ၅၀)
(၃၁) အင်းချောင်းရွာ (အိမ်ခြေ ၃၀ ) (၃၂) အင်္ဂါဖ ရွာ (အိမ်ခြေ ၄၀) (၃၃) ကာလာရွာ (အိမ်ခြေ ၈၀)
(၃၄)လဘော်ဝရွာ (အိမ်ခြေ ၃၆ ) (၃၅) ဒုံးကျော်ဖရွာ (အိမ်ခြေ ၂၂ ) (၃၆) သက်ကေပြင်ရွာ (အိမ်ခြေ ၇၅ )
(၃၇) ဂျိတ်ချိုင် (အိမ်ခြေ ၄၀) (၃၈)ကိုင်စူးရွာ (အိမ်ခြေ ၂၄ ) (၃၉) တပ်ချောင်းရွာ (အိမ်ခြေ ၃၀)
(၄၀) အလယ်ချောင်း (အိမ်ခြေ ၈၂) (၄၁) မောင်ရွေဇံရွာ (အိမ်ခြေ ၂၀) (၄၂) သာဒိုးလှရွာ (အိမ်ခြေ ၄၀)
(၄၃) တပ်ချောင်းချေရွာ (အိမ်ခြေ ၃၀) (၄၄) ဆင်ပြကွင်းရွာ (အိမ်ခြေ ၄၀ ) (၄၅) ရွှေဒိုင်းရွာ (အိမ်ခြေ ၄၆ )
(၄၆)ရေချမ်းချောင်း (အိမ်ခြေ ၄၀) (၄၇) ငါးချမ်းရွာ (အိမ်ခြေ ၂၃ ) (၄၈) ရဲအောင်စံရဖွေရွာ (အိမ်ခြေ ၄၀ ) (၄၉)ကြောင်နဖေ အထက်ရွာ (အိမ်ခြေ ၃၀) (၅၀)ကြောင်နဖေ အောက်ရွာ (အိမ်ခြေ ၂၅ ) (၅၁) ချက်စူရွာ (အိမ်ခြေ ၂၀ )
(၅၂) အရိုးကျရွာ (အိမ်ခြေ ၄၀ ) (၅၃) ကျော်ထွီးချောင်းရွာ (အိမ်ခြေ ၃၀) (၅၄) အင်းချောင်းအထက်ရွာ (အိမ်ခြေ ၄၈) (၅၅)အင်းချောင်းအောက်ရွာ (အိမ်ခြေ ၂၆ ) (၅၆) ရွှေဖီဦးဖရွာ (အိမ်ခြေ ၂၅ ) (၅၇)ထောက်ကလန်ရွာ (အိမ်ခြေ ၈၈ ) (၅၈)တောင်ပြိုလက်ဝဲရွာ (အိမ်ခြေ ၁၆ ) (၅၉) တောင်ပြိုလက်ယာရွာ (အိမ်ခြေ ၂၈ ) (၆၀)ဒေးတန်းညာ (ရခိုင်ရွာ) (အိမ်ခြေ ၂၂)
(၆၁) ကွမ်းသီးပင်ရွာ (အိမ်ခြေ ၁၂ ) (၆၂) ကျမ်းထောင်ရွာ (အိမ်ခြေ ၁၅ ) (၆၃) တန်းချောင်းရွာ (အိမ်ခြေ ၁၈ )
(၆၄) စံထွန်းဦးရွာ (အိမ်ခြေ ၂၀ ) (၆၅) အရှေ့ ခမောင်းဆိပ်ရွာ (အိမ်ခြေ ၃၅ ) (၆၆) အနောက်ခမောင်းဆိပ်ရွာ (အိမ်ခြေ ၂၅ ) (၆၇) သူလူတောင် အထက်ရွာ (အိမ်ခြေ ၅၀ ) ၆၈) သံခုံရွာ (အိမ်ခြေ ၃၀ ) (၆၉) မဖြူမရွာ (အိမ်ခြေ ၄၀)
(၇၀) ကုံးတက်ရွာ (အိမ်ခြေ စာရင်းမရ ) (၇၁) ခင်ပြိုသားရွာ (အိမ်ခြေ ၆၀) (၇၂)ရွှေငင်ချောင်းအထက်ရွာ(အိမ်ခြေ ၄၀ )
(၇၃) ငရန့်ချောင်းရွာ ၅၀ ) (၇၄)သစ်တုံးနားရွာ (အိမ်ခြေ ၆၀) (၇၅) ပန်းရွှေအောင်ဖရွာ (အိမ်ခြေ ၂၀ )
(၇၆) ရွှေလှခိုင်ရွာ (အိမ်ခြေ ၂၀) (၇၇) တမန်းသားရွာ (အိမ်ခြေ ၃၀) (၇၈)ချဒိုးရီရွာ (အိမ်ခြေ ၁၅ )
(၇၉) သာအောင်ရွာ (အိမ်ခြေ ၃၀ ) (၈၀)လောင်းပတ်ရွာ (အိမ်ခြေ ၃၀) (၈၁) ၀က်ကျိန်းရွာ (အိမ်ခြေ ၁၀၀ )
(၈၂)ကြက်ကျိန်းရွာ (အိမ်ခြေ ၄၀ ) (၈၃) ကျွဲသဘောက် အထက်ရွာ (အိမ်ခြေ ၄၅ )(၈၄) ကျွဲသဘောက် အောက်ရွာ (အိမ်ခြေ ၆၀ )
(၈၅) ကျောက်တန်းရွာ (အိမ်ခြေ ၅၀ ) (၈၆)စိမ့်တောပြင်ရွာ (အိမ်ခြေ ၄၀ ) (၈၇) ဂေါ်ဒူရ အထက်ရွာ (အိမ်ခြေ ၂၅ )
(၈၈) ဂေါ်ဒူရ အောက်ရွာ (အိမ်ခြေ ၆၅ ) (၈၉) ကျွန်းပေါက်ရွာ (အိမ်ခြေ ၃၅ ) (၉၀) တရိမ်းရွာ (အိမ်ခြေ ၁၅၀ )
(၉၁)တင်သာရရွာ (အိမ်ခြေ ၂၅ ) (၉၂)သဲချောင်းရွာ (အိမ်ခြေ ၆၅ ) (၉၃) ငှက်ပျော့ချောင်းရွာ (အိမ်ခြေ ၄၅ )
(၉၄)ငါးစံဘော်ရွာ (အိမ်ခြေ ၈၀ ) (၉၅) လက်ဖွဲကျရွာ (အိမ်ခြေ ၂၀) (၉၆) ကျောက်ချောင်းရွာ (အိမ်ခြေ ၅၀ )
(၉၇)ရဲအောင်ချောင်းရွာ (အိမ်ခြေ ၇၀) (၉၈) ရေနောက်ငါးသားရွာ (အိမ်ခြေ ၂၀ ) (၉၉) မီးကျောင်းချောင်းရွာ (အိမ်ခြေ ၁၅ )
ရွာပေါင်း ကိုးဆယ့်ကိုးရွာ ရှိ ရခိုင်ရွာများမှာ ကုလားယုတ်တို့ ရက်ရက်စက်စက် သတ်ဖြတ်ခြင်းကို ခံကြရလေသည် ၊ ထိုထိုသော ရွာများမှ သက်ရှိဆို လျှင် ခွေးတစ်ကောင်တောင် အပြင်ကိုမထွက်ဘဲ သေပွဲဝင်ခဲ့ကြရသည်၊ ထိုအပြင် ရွာလုံးကျွတ် ကုလားသတ်ဖြတ်ခံရ၍ အိမ်ခြေအလိုက် စနစ်တကျ ကောက်ခံရှာဖွေ မရရှိသော ကျေးရွာများမှာလည်း  အလွန်များပြားသည်ကိုတွေ့ရပါသည်၊
၎င်းကျေးရွာများမှာ
(1) ဘော်ဒုလာအောက်ရွာ (2) ဒိုင်းပိုင်ရွာ (3) ခိုင်ဦးဖရွာ
(4)သာသြအောင် ရွာသစ် (5)တပ်ချောင်းချေ တီစားရွာ (6) မိမင်းသာဖရွာ
(7) ရွှေဒိုင်ရွာ (8)တောင်ပုတ်ရွာ (9) လမုံ့ကိုင်းရွာ
(10)ဝေလာဂေါင်းတုံးရွာ (11) သလူချောင်းရွာ (12) ရဲဘော်ဦးရွာ
(13)သဲနီရွာ (14)ကြောင်ခိုးရွာ (15) ငါးရံချောင်းရွာ
(16)မီးချောင်းခုတ်ရွာ (17)သစ်တုံးနားရွာ (18)မှိုင်းစရီရွာ
(19)ဘဲရုပ်ရွာ (20)ကျောက်ပြင်လှရွာ (21)မောင်ဆိပ်ရွာ
(22)ဖက်ဝန်းချောင်းရွာ (23)ဂါရာပြင်ရွာ (24)၀က်ကျိန်းချေရွာ
(25)စံကားပင်ရင်းရွာ (26)ငဖြူချောင်းရွာ (27)နတ်ကျောက်ရွာ
(28)ပြိုင်ချောင်းရွာ (29)ကြင်ဖေါ်ရွာ (30)အောင်လှဖြူရွာ
(31)သင်္ဘောလှရွာ (32)မီးတိုက်ရွာ (33)နံသာတောင်ရွာ (33) ကွမ်းတောင်ရွာ
(34)ဂေါ်ဒူရသဲချောင်းရွာ (35)ဆင်အိုးရွာ (36) ကျောက်ချောင်းချေရွာ
(38)ဂန့်ဒရံရွာ (39) ဂြစ်ချောင်းအောက်ရွာ (40)သစ်သီးပင်အလယ်ပြင်ရွာ
(41)လောင်းဒုံစေတီပြင်ရွာ (42)ဟန်စားမရွာ (43) ငါးခူရချောင်းဝရွာ
(44)ကျာခေါင်းထောင်ရွာ (45)မောင်လုံးဖရွာ (46)ကြ က်ရိုးပြင်ရွာ
(47)ငန်းချောင်းရွာ (48)ပွင့်ဖြူချောင်းရွာကြီး (49)ပွင့်ဖြူချောင်းရွာချေ
(50)ချစ်စံဖရွာ (51)နေပူခံရွာသစ် (52)နေပူခံ ရွာဟောင်း
(53)မောင်နှမသဲချောင်းရွာ (54) ချောင်းမြောက်ရွာ (55)သလူချောင်းရွာ
(56) ရွာူသစ်ကေရွာ (57)မင်္ဂလာကြီးကျေးရွာ (58)ကျောက်လှေကားရွာ
(59)စပ်ချကုန်းရွာ (60)သဲဖြူကျွန်းရွာ (61)မင်းကျိုးချောင်းရွာ
(62)ရီဖုန်းပြင်ရွာ (63)ခွဆုံပြင်ရွာ (64)သစ်ပုတ်ချောင်းရွာ
(65)ကင်းချောင်းရွာ (66)အတွင်းကင်းချောင်းရွာ (67)ကံပြင်ရွာ
(68)ကျိးကန်းဖြူရွာ (69) မှော်ဝင်ရွာ (70)ဂြင်းချောင်းရွာ
(71)လင်းဘားကုန်းရွာ (72)ဇော်မတက်ရွာ (73) ငါးခူရ တောင်ရွာ
(74)ချီးစားရွာ (75)အပေါက်ဝရွာ (76)လာလီရွာ
(77)စိန်ပန်းရွာ (78)တုံးချောင်းအထက်ရွာ (79)တုံးချောင်းအောက်ရွာ
(80) ကာဒီရွာ (81)အုန်ူးပင်ရင်းရွာ (82)ဒိုးတန်းရွာ (83)ကညင်တန်းရွာ
(84)အလယ်သံကျော် ရွာဟောင်း (85)ကြန်ချောင်းရွာ (86)သင်္ဂနက်ရွာ
(87) ကျောင်းတောင်ရွာ (88)တပ်ထိုးပြင်ရွာ (89)မြင်းလွတ်ချောင်းရွာ
(90)မြီချောင်းရွာ (91)ရှောက်ကိုင်းရွာ (92)ကျောက်ပန်းဒူရွာ
(93)ဗောဓိကိုင်းရွာ (94)ရွှေမောင်ရွာ (95)အတွင်းပြင်ရွာ
(96)ကြံတန်းချောင်းရွာ (97) အင်းဒင်ကြီးရွာ (98)အင်းဒင်ချေရွာ
(99)သ၀င်ချောင်းရွာ (100)ကိုးတန်ကောက်ရွာချေ (101)သျိန်ခါလီရွာ
(102)ဒုံးပိုက်ရွာ (103)ဆင်ဝပ်ရွာ (104) အောင်လှဖ ရွာ
(105) ဖေါက်ကျီချောင်းရွာ (106)ပေါက်တောပြင်ရွာ (107) ကုန်းတန်းရွာ
(108)ပဒင်းရွာ (109) ရေတွင်းကျွန်းရွာ (110)ချရားတန်းရွာ
(111)၀ါးချရွာ (112)ညောင်ပင်ကြီးအထက်ရွာ (113)ညောင်ပင်ကြီးအောက်ရွာ
(114) ဒါက်ရွာ (115) လှပိုးခေါင်ရွာ စုစုပေါင်း ရွာပေါင်း (115)ရွာတို့သည်
အိမ်ခြေစာရင်းအတိအကျမရဘဲ ကုလားများသတ်ဖြတ်ခံရသော ရွာများဖြစ်ကြသည်။ ကုလားကို ယုံကြ ၊သနားကြ ၊ ကုလားဆိုင်က ၀ယ်စားကြ ၊ကုလားရောင်းသောပစ္စည်းကို ၀ယ်သုံးကြမည်ဆိုလျှင် ထိုထက်ဆိုးသော အဖြစ်သို့ ရောက်ရအုံးမည်ဟုယုံကြည်မိပါသည် အဘယ်ကြောင့်ဆိုသော် အထက်ပါ(1942)အရေးအခင်းတွင်ရခိုင်လူမျိုးများသာ အသတ်ခံရသည် ရခိုင်ပြည်ပျောက်မသွားသေးပါ ၊ ကုလားများ ၄င်းအချိန်က စီးပွါးရေးအားမကောင်းသေးပါ နောင်ဖြစ်လာမည့် အရေးအခင်းရှိ လာလျှင် ကုလားများသည်စီးပွါးရေးအားကောင်းလာပါက ရခိုင်ပြည်ပါ ပျောက်သွားနိုင်သည်
ကမ္ဘာတလွှားတွင်ဗုဒ္ဓခြေတော်ရာချခဲ့သည့်နေရာဆယ်နေရာ
 (ကြိုက်နှစ်သက်၍ ဗဟုသုတ အလို့ ငှာ ဖော်ပြလိုက်ပါတယ်။ မူရင်းpost ပိုင်ရှင်က သုတမင်းညို ဖြစ်ပါတယ်။)
လေးစားလျက် ပါ.......
ကမ္ဘာတလွှားတွင်ဗုဒ္ဓခြေတော်ရာချခဲ့သည့်နေရာဆယ်နေရာဖြစ်ကြောင်းကိုလေ့လာတွေ့ရှိရပါသည်
(၁) အိန္ဒိယပြည်၊ ဘုံဘိုင်မြောက်ပိုင်း၊ နမ္မဒါမြစ်ထဲ၌ ခြေတော်ရာတစ်ဆူ...။
(၂) အိန္ဒိယပြည်၊ ဘုံဘိုင်နယ်မြောက်ပိုင်း၊ နမ္မဒါမြစ်အထက် သစ္စပန်တောင်ပေါ်၌ ခြေတော်ရာတစ်ဆူ...။
(၃) အိန္ဒိယပြည်မြောက်ပိုင်း ဥဒယာနတိုင်း၌ ခြေတော်ရာတစ်ဆူ...။(တရုတ်ဘုန်းတော်ကြီး ဖာယီယန်၏ မှတ်တမ်းအရ)
(၄) အိန္ဒိယပြည်၊ ပါတလိပုတ်မြို့တော်၏ တောင်ဘက်သုံးလိအကွာ၌ ခြေတော်ရာတစ်ဆူ...။(ဖာယီယန်၏ မှတ်တမ်းအရ)
(၅) သီရိလင်္ကာနိုင်ငံ (သီဟိုဠ်ကျွန်း) သုမနကုဋ(SriPada) တောင်ထိပ်၌ ခြေတော်ရာတစ်ဆူ...။
(၆) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မြောက်ပိုင်း၊ မယူကမ်းပုံစည်းကျွန်း၊ သာစည်ထောင့်ရွှာအနီး၌ ခြေတော်ရာတစ်ဆူ...။
(၇) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ ကုလားတန်းမြစ်ဝရှိ ဖရုံကာကျွန်းစု၊ မြေငူကျွန်း၊ဆံတော်ရှင်ဓာတ်တော် အနီးရှိ ခြေတော်ရာတစ်ဆူ...။
(၈) မြန်မာနိုင်ငံ၊ မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မန်းချောင်း(မန်းရွှေစက်တော်)၌ အောက်,အထက်ခြေတော်ရာနှစ်ဆူ...။
(၉) မြန်မာနိုင်ငံမြောက်ပိုင်း ဝနယ်၊ လွိုင်မူတောင် အရှေ့မြောက်ဘက် တောင်စောင်း၌ ခြေတော်ရာတစ်ဆူ...။
(၁၀) မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်၊ မဟီ(မအီ)မြစ်အတွင်း၌ အထက် အောက် ဝဲယာ ခြေတော်ရာတစ်စုံ...။
စသည်တို့ ဖြစ်ကြကြောင်း ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ကျောက်မြောက်ရပ်၊ မဟာသုခပါဠိတက္ကသိုလ်မှဆရာတော် ဦးအရိယာဝံသ၏ ရခိုင်ပြည်နယ်၊ မအီစက်တော်ရာသမိုင်း စာအုပ်တွင် မှတ်တမ်းပြုထားပါသည်...။မြတ်စွာဘုရားရှင်သည်...မဟာသက္ကရာဇ် ၁၂၄ ခုနှစ်တွင် ရဟန္တာငါးရာနှင့်တကွသုနာပရန္တ ယောနကတိုင်း (ယခု မြန်မာနိုင်ငံ မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် မကုမြို့နယ်လယ်ကိုင်းကျောင်းတော်ရာ ဒေသ)သို့လည်း ကြွရောက်ခဲ့တော်မူ၏...။ဘုရားရှင်သည်...သာဝတ္ထိပြည်၊ ဇေတဝန်ကျောင်းတော်သို့ပြန်အကြွ နမ္မဒါမြစ် (ယခု မန်းချောင်း) အနီးသို့ရောက်သည်တွင် နမ္မဒါနဂါးမင်း၏ တောင်းပန်ချက်ကြောင့် မြစ်ကမ်းနဖူး ကျောက်ဖျာထက်တွင်လက်ဝဲခြေတော်ရာကို ချပေးခဲ့၏...။ ယင်းကို အောက်ခြေတော်ရာဟု ခေါ်ဆိုကြသည်...။ဆက်လက်၍ ကြွမြန်းစဉ် ထိုမြစ်အနီး သစ္စဗန္ဓကတောင်ပေါ်သို့ ရောက်ပြန်သော် ရသေ့၏လျှောက်ထားတောင်းပန်ချက်ကြောင့် မကုလမြေကျောက်ပေါ်တွင် လက်ဝဲဘက်ခြေတော်ရာကိုတံဆိပ်ခတ်နှိပ်ပေးခဲ့ပြန်သည်...။ ထိုအထက်ခြေတော်ရာကို အထက်စက်တော်ရာဟု သမုတ်ခဲ့ကြသည်ဟုဆိုကြသည်။သို့ဖြင့် ထိုနေရာများတွင် စေတီများ တည်ထားကာ နှစ်စဉ်ခြေတော်ရာဖူးရင်း စေတီများတွင်ပွဲတော်များ ကျင်းပခဲ့လေသည်...။ အဆိုပါ ခြေတော်ရာသည် ကာလအတန်ကြာ ကွယ်ပျောက်နေခဲ့ပြီးတောင်ဖီလာ ဆရာတော်ကြီး (ဓားမကူးဆရာတော်)၏ ဖော်ထုတ်မှုဖြင့် ပွင့်ပေါ်လာခြင်းဖြစ်ကြောင်းမှတ်သားရပါသည်...။
-----------------------------------------------------------------------------------------------
သုတ မင်းညို
Saturday, June 15, 2013
ပညာရေးနှင့် အမျိုးသား လက္ခဏာ (National Identity)
မူရင်း post https://www.facebook.com/notes/hla-shwe  မှ တင်ပြခြင်း ဖြစ်ပါတယ်။
နယ်စပ်ဒေသအတွင်း ဖွင့်လှစ်ထားသည့် ရွှေ့ပြောင်းကျောင်းများ၏ သင်ရိုးညွန်းတမ်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ပြုလုပ်ခဲ့ကြသည်။ ဆွေးနွေးပွဲ ဦးဆောင်သူ Burma Migrant Teacher Association-BMTA ၏အတိုင်ပင်ခံ ဆရာသိန်းနိုင်မှ သင်ရိုးညွန်တမ်းနှင့် အမျိုးသား လက္ခဏာ (Natioanl Identity) တို့၏ အဆက်အစပ်ကို ဆွေးနွေးခဲ့သည်။ သင်ရိုး ညွန်းတမ်းဟု ပြောလိုက်သည်နှင့် ကျောင်းရှိကျောင်းသားတို့အား အမျိုးသားသရုပ် လက္ခဏာကို ထင်ဟပ်သည့် သင်ရိုးညွန်တမ်းများကို ပြုစုပေးရန် လိုအပ်လာသည်။  သင်ရိုးညွန်တမ်း မရေးဆွဲမီ နယ်စပ်ဒေသတလျှောက်ရှိ ကျောင်းသားတို့၏ အမျိုးသားရေးလက္ခဏာနှင့် ပကတိအခြေအနေတို့ကို သိရှိရန်လိုအပ်လာခဲ့သည်။
တိုက်ဆိုင်စွာပင် (Natioanl Identity) ၏အရေးပါမှုကို လက်ရှိ အစိုးရအဖွဲ့ဝင် ၀န်ကြီးတဦထံမှ မမျှော်လင့်ဘဲ ကြားခဲ့ရသည်။ မောက္ခ ပညာရေး မဂ္ဂဇင်း ပြည်တွင်း၌ အခြေစိုက်ရေးအတွက် ငြိမ်းချမ်းရေး ဆွေးနွေးမှု အဖွဲ့ခေါင်းဆောင် ဦးအောင်မင်းနှင့် ခေတ္တတွေ့ကြရာတွင် မဆီမဆိုင် National Identity စကားလုံးဝေါဟာရဘက်ကို ရောက်သွားခဲ့သည်။ ဦးအောင်မင်း၏ အမြင်အရ မြန်မာတို့၏ National Identity ပျောက်ဆုံးသွားသည်ဟု သုံးသတ်သည်။ နိုင်ငံအတွက် အင်မတန်မှ အရေးကြီးသော အမျိုးသားရေး လက္ခဏာ ပျောက်ဆုံးမှုကို သိသော ၀န်ကြီး အောင်မင်းကို ချီးကျူးမိသည်။ စာရေးသူ၏ အမြင်မှာ တိုင်းရင်းသားပေါင်းစုံ နိုင်ငံတခုလုံး၏ အမျိုးသားရေး လက္ခဏာသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေး ရကတည်းက မရှိခဲ့ဟု ပြောရပေလိမ့်မည်။ တိုင်းရင်းသားပေါင်းစုံ စုပေါင်းနေထိုင်သော ပြည်ထောင်စုစနစ် တခုတည်ထောင်ရန် ရည်မှန်းထားသည့် ( Federal Union Context) အောက်တွင် အမျိုးသားရေး လက္ခဏာ သတ်မှတ်ရန် မည်ကဲ့သို့ ဖေါ်ဆောင်ကြမည်နည်းဟု မေးခွန်းရှိလာခဲ့သည်။
Nations State တခုအနေဖြင့် အမျိုးသားရေး လက္ခဏာကို ဖေါ်ဆောင်ကြရာတွင် ကျောင်းများမှ စတင်အကောင်အထည် ဖေါ်ကြသည်ကို တွေ့ရသည်။ ဗြိတိသျှ လက်အောက်သို့ ကျရေက်ခဲ့သည့် တရုတ်နိုင်ငံပိုင် ဟောင်ကောင်သည် အင်္ဂလိပ် အုပ်ချုပ်ရေး အောက်တွင် တရုတ်အမျိုးသားရေး လက္ခဏာ ပျောက်ကာ ဟောင်ကောင်လူထု၏ သီးသန့်ဆန်သော အမျိုးသားရေး လက္ခဏာတရပ် ပေါ်ပေါက်လာခဲ့သည်။ အထူးသဖြင့် ဗြိတိသျှတို့သည် ဟောင်ကောင်နေ မျိုးဆက်သစ်များကို National Education ကိုမပေးဘဲ လူသားဆန်သော Civil Education ကိုသာအဓိကထား သင်ကြားပေးခဲ့သည်။ ၁၉၉၇ ဟောင်ကောင်ကို ဗြိတိသျှတို့ လက်အောက်က လွှဲပြောင်းယူသောအခါ တရုတ်နိုင်ငံအဖို့ ဟောင်ကောင်လူထု၏ တရုတ်နိုင်ငံနှင့် ဆက်ဆံလိုမှု မရှိသည့် အမျိုးသားရေး လက္ခဏာ တရပ်ကို တွေ့ရှိလာခဲ့သည်။ ထို့ကြောင့် တရုတ်အစိုးရသည် ဟောင်ကောင်လူထုအနေဖြင့် တရုတ်နိုင်ငံ၊ တရုတ်ယဉ်ကျေးမှု၊ တရုတ်ပြည်ကြီးအပေါ် သစ္စာရှိသည့် အမျိုးသားလက္ခဏာ တရပ်ပေါ်ပေါက်လာရန် အားထုတ်မှုများကို တွေ့ရသည်။ အထူးသဖြင့် ပညာရေးစနစ်၏ သင်ရိုးညွန်တမ်းတွင် National Education ကိုကြောရိုးအဖြစ် ထည့်သွင်းဖေါ်ပြလာခဲ့သည်။ အမေရိကန်တို့၏ အမျိုးသား ပညာရေးတွင် အမေရိကန် ဖြစ်ရသည်ကို ဂုဏ်ယူသကဲ့သို့ ကိုးရီးယားတို့သည်လည်း ကျောင်းသွားသည့် ပထမရက်မှ စတင်ကာ ကိုးရီးယား နိုင်ငံတော် သီချင်းကို သီဆိုရင်းဖြင့် ပညာတတ် ဖြစ်လာသည်ကို အမျိုးသားရေးဂုဏ် အဖြစ်ဝင့်ကြွားလေ့ရှိသည်။
နိုင်ငံရေး ဘောဂဗေဒ ပညာရှင် Alfred Marshal က ( Citizenship) နိုင်ငံသား ဖြစ်မှုကို ပြောဆိုရာတွင် လူ့အဖွဲ့အစည်း၏ အဖွဲ့ဝင်ဖြစ်မှုကို နိုင်ငံနှင့် ၄င်းနိုင်ငံ၏ ယဉ်ကျေးမှု ဓလေ့ထုံးတမ်း စဉ်လာကို သစ္စာရှိမှု အပေါ်တွင်အခြေခံ ထားသည်ဟု ပြောဆိုခဲ့သည်။ နိုင်ငံသားများ၏ အမျိုးသားရေး လက္ခဏာကို ရည်ညွန်းရာတွင် အချုပ်အချာအာဏာ၊ နိုင်ငံရေးစနစ်၊ သမိုင်း၊ ယဉ်ကျေးမှုနှင့် နိုင်ငံ၏ ဖွံ့ဖြိုးတိုက်တက်မှုနှင့် ဆက်စပ်ကာ အဓိပ္ပါယ် ဖွင့်ဆိုကြသည်။ ဗြိတိသျှတို့၏ စွယ်စုံကျမ်းတွင် နိုင်ငံသားများ၏ အမျိုးသား လက္ခဏာကို ဤကဲ့သို့ ဖွင့်ဆိုထားသည်။ ("a relationship between individuals and the nation, whereby the individuals stay loyal to the nation and enjoy the rights protected by the nation") ပုဂ္ဂလလူသားတဦးချင်းနှင့် နိုင်ငံတို့၏ ဆက်နွယ်မှုဖြစ်ပြီး ပုဂ္ဂလနိုင်ငံသားအနေဖြင့် နိုင်ငံအပေါ် သစ္စာရှိမှုဖြင့် ထိုပုဂ္ဂလ လူသား၏ရပိုင်ခွင့်များကို နိုင်ငံ၏ကာကွယ် စောင့်ရှောက်မှု အောက်တွင် ခံစားပိုင်ခွင့်ရှိသည်။ ဤစာပိုဒ်အရ နိုင်ငံသား၏ အမျိုးသားလက္ခဏာသည် လွတ်လပ်မှုနှင့်အတူ နိုင်ငံသားတဦး၏ တာဝန်ကိုပါ ဖွင့်ဆိုခြင်းဖြစ်သည်။ အမျိုးသားလက္ခဏာသည် နိုင်ငံ၏ အုပ်ချုပ်မှုပုံစံနှင့် စနစ်ကို လူသားတဦးချင်းအနေဖြင့် များစွာသက်ရောက်မှု ရှိသည်ကိုတွေ့ရသည်။
၁၉၄၈ ခုနှစ်တွင် မြန်မာနိုင်ငံသည် လွတ်လပ်ရေးနှင့်အတူ ပြည်တွင်းစစ်ကိုပါ အမွေအဖြစ် လက်ခံရရှိခဲ့သည်။ မြန်မာ့ပညာရေးတွင်လည်း မတူကွဲပြားသော လူ့အဖွဲ့အစည်း ပေါင်းစုံအောက်တွင် ပြည်ထောင်စုစနစ်ကို အခြေခံသည့် ပညာရေးမျိုးကို တည်ဆောက်ထားခြင်း မရှိသည်ကို တွေ့ရသည်။ ကျောင်းများတွင် သီဆိုနေသည့် နိုင်ငံတော် သီချင်းသည်ပင် ပြည်ထောင်စုဘွား တိုင်းရင်းသားများအားလုံးကို ကိုယ်စားပြုသည့် နိုင်ငံတော် သီချင်းသည် တိုင်းရင်းသားတို့ကို ကိုယ်စားပြုပါသလော ဟူသည် ဆွေးနွေးမှုများ ရှိလာခဲ့သည်။
အိန္ဒိယနိုင်ငံသည် မြန်မာနိုင်ငံထက် လူဦးရေး အဆမတန်များပြားသောနိုင်ငံ၊ ဘာသာပေါင်းစုံ၊ လူမျိုးစုပေါင်း ၆၀၀ ကျော်ရှိသည့်နိုင်ငံတွင် အမျိုးသားပညာရေး စနစ်သည် Social Harmony ကိုအခြေခံထားသည့် ပညာရေးမျိုးဖြစ်သည်။ Social Harmony ဖြင့်နိုင်ငံသားတို့း၏ အမျိုးသားလက္ခဏာကို ဖေါ်ဆောင်ထားသည်။ မတူကွဲပြားခြင်းသည် အိန္ဒယနိုင်ငံသားတို့အဖို့ ဂုဏ်ယူစရာအမှတ်သင်္ကေတ အဖြစ် တည်ဆောက်ထားသည်။
 မြန်မာနိုင်ငံ၏ ပကတိ အခြေအနေသည် အမျိုးသား သရုပ်သဏ္ဍာန် ကိုဖေါ်ဆောင်ရာတွင် အထူးအလေထားရမည့် အချက်ဖြစ်နေပေသည်။ နိုင်ငံရေးစနစ် ဖြစ်ပေါ် ပြောင်းလဲမှုနှင့်အတူ ပညာရေးစနစ် နိမ့်ကျ ပျက်စီးယိုယွင်းနေမှုကို ခေါင်းဆောင်အသီးသီးတို့မှ အလေးထားပြောဆိုလာသည်ကို တွေ့ရပေသည်။
ပညာရေးစနစ် ပြုပြင်ပြောင်းလဲမှုအောက်တွင် တိုင်းရင်းသားပေါင်းစုံ ပူးပေါင်းပါဝင်သည့် National Education ပညာရေးစနစ်ကို မည်ကဲ့သို့ အကောင်အထည်ဖေါ် တည်ဆောင်သင့်သည်ကို ညှိနှိုင်း ဆွေးနွေးမှုများလည်း အတန်အသင့်ရှိလာပြီ ဖြစ်သည်။
National Education နှင့်အတူ တိုင်းရင်းသားတို့တွင် ကိုယ်ပိုင် အမျိုးသားရေးလက္ခဏာ ရှိကြသည်ကို သတိထားသင့်သည်။ ဥပမာ ရခိုင်တို့၏ အမျိုးသားရေးလက္ခဏာတွင် ရခိုင်လူမျိုးကို ကာကွယ်စောင့်ရှောက်ခြင်း၊ ဗုဒ္ဓဘာသာကို သက်ဝင်ယုံကြည်ခြင်းတို့သည် ရခိုင်တို့၏ အမျိုးသားရေး လက္ခဏာ ဖြစ်သည်ဟု ခံယူထားခဲ့သည်မှာ မြောက်ဦးခေတ် ကတည်းကပင် စတင်ခဲ့သည်။ “ အမျိုးသီလ၊ နှစ်ဌာနကို၊ ပြည်ဝ မဏ္ဍိုင် စောင့်စွမ်းနိုင်သည်၊ ရက္ခနာမ၊ ဘွဲ့မည်လှဖြင့်၊ အနွတ္တသညာ ခေါ်အပ်ရတည်း” ဟု ရခိုင်ဖြစ်ခြင်း၏  အမျိုးသားရေး လက္ခဏာကို ထင်ဟတ်သည့် စံကိုသတ်မှတ်ခဲ့သည်။
မြန်မာနိုင်ငံ၏ အိမ်နီးချင်း ထိုင်းနိုင်ငံတွင် ထိုင်းတဦး၏ အမျိုးသားရေး လက္ခဏာသည် ထိုင်းဘုရင်အပေါ် ကြည်ညိုလေးစားခြင်း၊ ဘုရင်ကို ချစ်မြတ်နိုးခြင်းသည် ထိုင်းနိုင်ငံကိုချစ်မြတ်နိုးခြင်း၊ ကာကွယ်ခြင်း ဖြစ်ပြီး ထိုင်းလူမျိုး ဖြစ်ရခြင်းကို ဂုဏ်ရှိသည်ဟု ခံယူထားသည်။
ဆိုရှယ်လစ်စနစ်အောက်တွင် ကြီးပြင်းခဲ့ရသော ကျနော်တို့၏ မျိုးဆက်သည် မရေရာသည့် “ပတ်ဝန်းကျင်နှင့် အညမည”သဘောတရားကို အဓိကထား သင်ကြားပေးခဲ့သည်။ ၄င်းသဘောတရား၏ အောက်တွင် လူမျိုးအသီးသီး၏ အမျိုးသား လက္ခဏာကို ရိုက်ချိုးခဲ့သည်ဟုပင် ပြောရပေလိမ့်မည်။ တိုင်းပြည်အတွက် အရာရာကို စွန့်လွှတ်ကြဟူသော၊ တိုင်းပြည်အတွက် အနစ်နာခံကြဟူသော ဆောင်ပုဒ်များဖြင့် မိုးလုံးညံကြွေးကြော်သံဖြင့် ချီတက်လာခဲ့ကြသည်။ ပြည်တွင်းပြည်ပရှိ ကျနော်တို့မျိုးဆက်သည် ဆိုရှယ်လစ်စနစ်အောက်က မွေးထုတ်ပေးလိုက်သည့်ထုတ်ကုန် ဖြစ်သည့်အတွက် မရေရာသည့် အတွေးအခေါ်များဖြင့် အမျိုးသားလက္ခဏာကို မေ့ပျောက်ထားခဲ့ကြသည်။ အမျိုးသားရေး လက္ခဏာကိုဘေးချိတ်ကာ လူထုကောင်းစားရေး၊ တိုင်းပြည်ကောင်းစားရေးကို ခေါင်းဆောင်များနှင့် အတူ ရဲဘော်များမှလည်း အသံကောင်း အော်ဟစ်ခဲ့ကြသည်။ သို့ရာတွင် မြန်မာလူမျိုး၏ ပကတိ အခြေအနေသည် ကြွေးကြော်သံများနှင့် ဆန့်ကျင်ဘက်သို့ ဦးတည်နေပြီး တကိုယ်ကောင်းဆန်မှုနှင့် လူသားဆန်မှု မဲ့ခြင်းတို့ကို ခေါင်းဆောင်မှသည် အောက်ခြေရဲဘော်ထိ တွေ့မြင်နေရသည်။
စစ်အစိုးရအုပ်ချုပ်မှု အောက်မှထွက်ရှိလာသည့် National Education Identity မှာ “ပြည်ထောင်စု စိတ်ဓါတ် ထွန်းကားရေး၊ လွတ်လပ်ရေး တန်ဖိုးကို သိနားလည်ပြီး နိုင်ငံ၏ အချုပ်အခြာအာဏာကို ထိမ်းသိမ်းကာကွယ် စောင့်ရှောင့်လိုစိတ် ထက်သန်စေရေး၊ အမျိုးသား အမွေအနှစ်ကို ထိမ်းသိမ်းလိုစိတ် ပွားများစေပြီး နိုင်ငံနှင့် လူမျိုးကို ချစ်မြတ်နိုးတတ်စေရေး” စသည့် ရည်မှန်းချက် ဆောင်ပုဒ်များဖြင့် National Education ကိုအကောင်အထည် ဖေါ်ခဲ့သည်။
စစ်အစိုးရ၏ ရည်မှန်းချက်နှင့် ပြောင်းပြန်ဖြစ်သည့် ပြည်ထောင်စု သားချင်းများကို အဆက်မပြတ် ထိုးစစ်ဆင်တိုက်ခိုက်နေခြင်း၊ ပင်လုံစာချုပ်၏ ပင်မကြောရိုး မူဖြစ်သည့် ပြည်ထောင်စု စိတ်ဓါတ်ကို ရိုက်ချိုးပြီး လူမျိုးကြီး အာဏာရှင်စနစ်ကို ဖန်တီးခြင်း၊ နိုင်ငံ၏ အမွေအနှစ်အားလုံးကို ကိုယ်ကျိုးစီးပွားအတွက် လက်သိပ်ထိုး ရောင်းစားပြီး Natioanl Identity ကို ပညာရေး ကြောရိုးကနေ ဖယ်ထုတ်ခဲ့သည်။
နိုင်ငံအပေါ် ချစ်မြတ်နိုးခြင်း ဟူသောစကားထက် မိမိကိုယ်ကိုချစ်မြတ်နိုးခြင်း၊ မိသားစုအပေါ်ချစ်မြတ်နိုးခြင်း၊ မိမိလူမျိုးအပေါ် ချစ်မြတ်နိုးခြင်း စသောအခြေခံကျသည့် လူသားတို့၏ ပကတိအရှိတရားကို အခြေခံသောစနစ်မှ တိုင်ရင်းသားပေါင်းစုံ ဘာသာပေါင်းစုံ၊ ယဉ်ကျေးမှု ပေါင်းစုံရှိသည့် နိုင်ငံကိုချစ်မြတ်နိုးသော၊ မြန်မာနိုင်ငံသား ဖြစ်မှုကို ဂုဏ်ယူသည့် အမျိုးသား လက္ခဏာများ ပေါ်လွင်လာအောင် တည်ဆောက်ပေးမည့် ပညာရေးစနစ်မျိုးသည်ကို မည်ကဲ့သို့ အကောင်အထည်ဖေါ်ကြမည်ကို အလေးထားရမည့် အချိန်တန်ပြီဟု မြင်မိပါသည်။
လှရွှေ
Friday, June 14, 2013
စောင့်မျှော်ရသော တစ်နေ့ 
မူရင်း ဝထ္ထု  A Day’s Wait by Earnest Hemingway အား  ဘာသာပြန်ဆိုသည်။
ကျွန်ုပ်တို့  အိပ်ရာမှာ ရှိနေစဉ်အတွင်း သူအိပ်ခန်းထဲ ဝင်ရောက်လာတယ်။ ပြတင်းပေါက်တွေပိတ်ဖို့ အတွက်ပေါ့ ။ သူ့  ပုံစံက နေမကောင်းတဲ့သူ တစ်ယောက်လို ကျွန်ုပ် တွေ့ နေရတယ်။ ခန္ဓာကိုယ်က နည်းနည်းလေးတုန်နေတယ်။ မျက်နှာကလည်း ဖြူရော်ရော် ဖြစ်နေတယ်။ ခြေတစ်လှမ်း လှမ်းဖို့ အတွက်တောင် ဖြည်းဖြည်းလျှောက်ရင်း မနည်း ကြိုးစားနေရတယ်။
“ဘာဖြစ်တာလဲ စကတ်ရှ်”
“ခေါင်းတွေ ကိုက်နေလို့ ”
“မင်း .. အိပ်ရာမှာ နားနားနေနေ သွားလှဲနေလိုက်ကွာ”
“ရပါတယ်.. ကိစ္စမရှိပါဘူး. ကျွန်တော် သက်သာပါတယ်”
“သွားလှဲနေပါကွာ.. ငါအဝတ်အစား လှဲပြီးရင် လာကြည့်မယ်”
ဒါပေမယ့် ကျွန်ုပ် အဝတ်အစားလှဲလှယ်ပြီးလို့  အောက်ဆင်းလာတော့ သူလည်း အဝတ်အစား လှဲပြီးနေပြီ။ ကိုးနှစ်သားအရွယ် ညှင်းသိုးသိုး ညစ်တီးညစ်ပတ် ပုံစံလေးဖြင့် မီးလင်းဖိုနားရောက်နေပြီ။ သူ့ ပုံစံက တော်တော် နေမကောင်းတဲ့ ပုံပေါ်နေပါတယ်။ သူ့ နဖူးပေါ် လက်တင်စမ်းကြည့်လိုက်တော့ အဖျားသွေးရောက်နေပြီဆိုတာ ကျွန်ုပ် ခံစားလိုက်ရပါတယ်။           
“မင်း အိပ်ရာကို သွားသင့်ပြီ။ မင်း ဖျားနေပြီကွ” လို့ ကျွန်ုပ်ပြောလိုက်ပါတယ်။
“ကျွန်တော် နေလို့ ကောင်းပါတယ်” လို့ သူက ပြန်ဖြေပါတယ်။
ခဏနေတော့ ဆရာဝန်က သူ့ ရဲ့ အပူချိန်တိုင်းကို တိုင်းတာပြီးတော့ ကျွန်ုပ်အနားသို့ ရောက်ရှိလာပါတယ်။
“သူ အပူချိန် ဘယ်လောက် ရှိလဲ ဒေါက်တာ” ဟု မေးလိုက်ပါတယ်။
“တစ်ရာ့ နှစ်”
အောက်ထပ်မှာတော့ ဆရာဝန်ရယ်၊ ကျွန်တော်တို့ ရယ်ပဲ ရှိပြီး ဒေါက်တာက ဆေးညွှန်းတွေနှင့်အတူ အရောင်မတူ ဆေးသုံးမျိုးကို စပ်ပေးသွားပါတယ်။ တစ်မျိုးကတော့ အဖျားကျဆေး၊ နောက်တစ်မျိုးကတော့ ဝမ်းနူတ်ဆေးနှင့် ကျန်တစ်မျိုးက ကိုယ်တွင်း အချဉ်ဓာတ်ကို ထိန်းညှိဆေးတို့  ဖြစ်ပါတယ်။ ဒီဆေးတွေက လက်ရှိခံစားနေရသော တုတ်ကွေး ရောဂါကို ပျောက်ကင်းစေပြီး ကိုယ်အပူချိန် ထပ်ပြီး တိုးလာမှု မရှိပါက စိုးရိမ်ရသော အခြေအနေ မဟုတ်ကြောင်း တို့ ကို ပြောသွားပါတယ်။  တစ်ရာ့လေး ဒီဂရီ။ ဒီ တုတ်ကွေးရောဂါမှာ အလွယ်တကူ ကူးစက်နိုင်ပြီး အဆုတ်ရောင်ရောဂါကို ရှောင်ရှားနိုင်ပါက အသက်အန္တရာယ် စိုးရိမ်စရာ မရှိပေ။
အခန်းရဲ့  အနောက်ဘက်တွင် ကောင်လေးရဲ့  ကိုယ်အပူချိန်ကို မှတ်သားလိုက်တယ်။ ပြီးတော့ ဆေးတိုက်ရမယ့် အချိန်တွေကိုပါ ရေးမှတ်ထားလိုက်တယ်။
 “မင်းကို စောင့်ရှောက်ဖို့  ငါ့ ကိုလိုအပ်ရဲ့ လား”
“ရပါတယ် .. အဆင်ပြေရင်ပေါ့ ” ဟု ကောင်လေးမှ ပြန်ပြောပါတယ်။ သူ့ မျက်နှာက အရမ်းဖြူလျော့နေပြီး သူ့ ရဲ့  မျက်လုံးတစ်ဝိုက်ကလည်း ပိုပြီး မည်းနက်နေပါတယ်။ သူဟာ အိပ်ရာမှာ လှဲလျောင်းနေရင်းက ဘာတွေ ဆက်ဖြစ်လာ မလဲလို့ အတွေးလွန်နေပုံရပါတယ်။ ကျွန်ုပ် သူ့ ကို ဟောင်းဝှါးပိုင်းလ် ရဲ့  “စာအုပ်ဓားပြ” စာအုပ်ကို အသံကျယ်ကျယ် နှင့် ဖတ်ပြသော်လည်းပဲ သူ က ကျွန်ုပ်၏ စာဖတ်သံနောက်သို့ လိုက်ပါစီးမျောမှု မရှိဘဲ ဖြစ်နေတယ်။
ဒီတော့ ကျွန်ုပ် က မေးလိုက်တယ်။
“မင်း ဘယ်လို ခံစားနေရလဲ စကတ်ရှ်”
“သိပ်တော့ မထူးပါဘူး”  လို့  ပြန်ဖြေပါတယ်။
ကျွန်ုပ်လည်း သူ့ အိပ်ရာခြေရင်းမှာ ထိုင်လိုက်ရင်း နောက်ထပ်တစ်ကြိမ် သူ့ ကို တိုက်ရမည့် ဆေးအတွက် မိမိကိုယ် မိမိ စဉ်းစားနေမိတယ်။ သူ့ အတွက် ပုံမှန် အိပ်မောကျကောင်း ကျသွားလိမ့်မယ်။ ဒါပေမယ့် သူကတော့ အဲလို ပုံစံမျိုး မဟုတ်ဘဲ သူက အိပ်ရာခြေရင်းကို စိမ်းစိမ်းကြီး စိုက်ကြည့်နေတာကို တွေ့ ရတယ်။
“မင်းဘာဖြစ်လို့  အိပ်ဖို့ မကြိုးစားတာလဲ စကတ်ရှ်.. ငါ မင်း ဆေးသောက်ဖို့ အတွက် နိုးပေးမှာပါ”
“ကျွန်တော် နိုးလျက်ပဲ နေချင်တယ်” တဲ့ ။ သူ အဲလိုပြောပြီး သိပ်မကြာခင်မှာပဲ “အဖေ့ အတွက် စိတ်အနှောင့်အယှက် ဖြစ်တယ် ဆိုရင် ကျွန်တော်နှင့် အတူ နေပေးစရာ မလိုပါဘူး”
“ မဖြစ်ပါဘူး”
“ မဟုတ်ဘူး .. ကျွန်တော်ဆိုလိုတာက စိတ်အနှောင့်အယှက် ဝင်လာရင်လို့ ပြောတာပါ”
ကျွန်တော်က သူခေါင်းကိုက်တာ တော်ရုံခေါင်းကိုက်ရုံမျှသာဟု သုံးသပ်လျက် သူ့ ကို ဆေးတိုက်ခဲ့ပြီးနောက် ၁၁ နာရီ လောက်တွင် အပြင်သို့ ခဏလေး ထွက်လာခဲ့မိတယ်။
ရာသီဥတုကလည်း သာသာယာယာ အေးစိမ့်စိမ့်လေးရှိနေပြီး မြေသားလွှာတို့ အား မိုးနှင်းတို့ စွတ်စိုဖုံးလွှမ်းလျက် ရှိတယ်။ ဒါက ရာသီဥတုကို ပိုမိုအေးမြစေသယောင် ရှိနေပြီး သစ်ပင်၊ ပန်းမန်ပင် တို့ အားလည်း မိုးနှင်းတို့ က စွတ်စိုစိမ်းလန်းစေကာ အရောင်အသွေး သစ်လွင်တောက်ပလျက်ရှိပေသည်။ ကျွန်ုပ် ခွေးကလေး ကို အဖော်ပြုလျက် လမ်းမတစ်လျှောက်နှင့် မြစ်ကမ်းနဘေးမှာ ခဏတစ်ဖြုတ် လမ်းလျှောက်လိုက်တယ်။ ဒါပေမယ့် အေးစက်နေသော လမ်းပေါ်မှာ လျှောက်ရတာက တော်တော်လေး ခက်ခဲပါတယ်။ တာရှည်မတ်တပ်ရပ်နေဖို့ လည်း ခက်ခဲပါတယ်။ ပါလာတဲ့ ခွေးနီလေး ခမျာ မှာလည်း လမ်းပေါ် ခြေချော်ကျတာ အခါခါပါ။ ကျွန်ုပ်လည်း နှစ်ကြိမ် ပြိုလဲကျပြီး ခက်ခက်ခဲ ခဲ နှင့် မတ်တပ် ထ ရပါတယ်။ တစ်ကြိမ်မှာတော့ ပါလာတဲ့ သေနတ်က ပြုတ်ကျသွားပြီး ရေခဲပြင်ကို ကျော်ပြီးတော့ အဝေးကို ရောက်သွားပါတယ်။
ကျွန်ုပ်တို့ နှင့် ခပ်လှမ်းလှမ်းရှိ အကိုင်းအခက်တွေ အုပ်မိုးနေတဲ့ ဘဏ်အဆောက်အဦးအောက်မှာတော့ ငှက်တစ်အုပ် ရှိနေတယ်။ ဒီကောင်တွေ ဘဏ်ကနေ ထွက်ခွာစေချင်တဲ့ အတွက်ကြောင့် ကျွန်ုပ်လည်း ငှက်နှစ်ကောင်ကို ဖမ်းသတ် လိုက်တော့ အကုန်လုံး လန့် ပြေးကုန်ကြပါတယ်။ ဒါပေမယ့် တစ်ချို့ ကတော့ သစ်ပင်ပေါ်မှာ ရှိနေကြဆဲပါ။ အများစု ကတော့ အုပ်ဆိုင်းနေတဲ့ အကိုင်းအခက်ကြားထဲသို့  တိုးဝင်သွားကြပါတယ်။ ဒါက သူတို့ တွေ အတွက် ရေခဲဖုံးလွှမ်းမှု ဒဏ်ကို အကာအကွယ်ယူ ရှောင်ရှားနည်းပါပဲ။ ကျွန်ုပ်လည်း ရေခဲဖုံးလွှမ်းနေတဲ့ သစ်ကိုင်းခက်ပေါ်မှာ မလှုပ်မယှက် ခဏလေး ငြိမ်နေလိုက်တော့ အဲဒီကောင်တွေက ပြန်ထွက်လာပါတယ်။ ပြီးတော့ ကျွန်တော့ကို ဝိုင်းတိုက်ကြတော့ ဘယ်ရမလဲ ကျွန်ုပ်လည်း လွတ်သွားတဲ့ ငါးကောင်ထဲက နှစ်ကောင်ကို ဖမ်းမိလိုက်ပါတယ်။ နောက်ထပ် ဖမ်းယူဖို့  စိတ်မကူးတော့ဘဲ ကျွန်ုပ်တို့ လည်း အိမ်သို့ လမ်းကြောင်း ပြန်လှည့်ဖို့  ပြင်ဆင်လိုက်ပါတယ်။ ရင်ထဲမှာတော့ ငှက်တွေ ကို ဖမ်းမိလာတဲ့ ပျော်ရွှင်မှုတွေနှင့်ပေါ့ ။ နောက်နေ့ တွေမှာလည်း ကျန်ရှိနေခဲ့ တဲ့ ငှက်တွေကို သွားဖမ်းဖို့  စိတ်ကူး အပြည့်နှင့်ပါ။
ဒုတိယပိုင်း .. ဆက်ရန်ရှိသည်။ .........................
Monday, June 10, 2013
ဗြိတိသျှကောင်စီ စာကြည့်တိုက်၌ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲပြုလုပ်မည်
ဇွန်လ ၅ ရက်နေ့တွင်ကျရောက်သော သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုသောအားဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဟောပြောဆွေးနွေးပွဲတစ်ရပ်ကို ဇွန်လ ၁၂ ရက် ဗုဒ္ဓဟူးနေ့ ညနေ ၅ နာရီ အချိန်တွင် ဗြိတိသျှကောင်စီစာကြည့်တိုက်၌ ကျင်းပပါမည်။
အဆိုပါဟောပြောပွဲတွင် Myanmar Climate Change Watch မှအမှုဆောင်အရာရှိချုပ် ဒေါက်တာဦးထွန်းလွင် နှင့် Myanmar Environmental Working Group မှအကြံပေးအရာရှိ ပါမောက္ခဦးခင်မောင်ချိုတို့မှ Climate Change: Current Impacts and Future Challenges of Myanmar နှင့် Global Warming အကြောင်းအရာများကို ဟောပြောဆွေးနွေးကြမည် ဖြစ်ပါသည်။
ဟောပြောပွဲအပြီးတွင် ဆရာကြီးတို့နှင့် သိလိုသည်များကို ဆွေးနွေးနိုင်မည်ဖြစ်ပါသည်။ အသင်းဝင်မဟုတ်သူများလည်း တက်ရောက်နိုင်ပြီး စိတ်ပါဝင်စားသူများအနေဖြင့် ဇွန်လ ၁၁ ရက် အင်္ဂါနေ့ နောက်ဆုံးထား၍ online registration form - http://www.research.net/s/ClimateTalk မှဖြစ်စေ၊ ဖုန်း ၂၅၄၆၅၈/၂၅၆၂၉၀ လိုင်းခွဲအမှတ် ၃၃၁၆ နှင့် အီးမေးလ်လိပ်စာ library.enquiries@mm.britishcouncil.org တို့သို့ဆက်သွယ်၍ဖြစ်စေ၊ ဗြိတိသျှကောင်စီ စာကြည့်တိုက်တွင်ဖြစ်စေ စာရင်းပေးနိုင်ပါသည်။
အသင်းဝင်မဟုတ်သူများ စာကြည့်တိုက်သို့ လာရောက်သောအခါ မှတ်ပုံတင် (သို့) ကျောင်းသားကဒ် တစ်ခုယူဆောင်လာရန်လိုပါသည်။
Visit Myanmar Network at: http://www.myanmar-network.net/?xg_source=msg_mes_network
Saturday, June 8, 2013
Universal Responsibility and the Environment [Part - B]
Excerpt from My Tibet by H.H. the fourteenth Dalai Lama
The Tibetan Buddhist attitude is one of contentment, and there may be some connection here with our attitude toward the environment. We don't indiscriminately consume. We put a limit on our consumption. We admire simply living and individual responsibility. We have always considered ourselves as part of our environment, but not just any part. Our ancient scriptures speak of the container and the contained. The world is the container - our house and we are the contained - the contents of the container. From these cannot be contained. Without the contents, the container contains nothing, it's meaningless.
It is not at all wrong for humans to use nature to mark useful things, but we must not exploit nature to make useful things; we must not exploit nature unnecessarily. It is good to live in a house, to have medicines, and to be able to drive somewhere in a car. In the right hands, a machine is not a luxury, but something very useful. A camera, for example, can be used to make pictures that promote understanding. But everything has its limit. Too much consumption or effort to make money is no good. Neither is too much containment.
Peace and survival of a life on earth as we know it are threatened by human activities that lack a commitment to humanitarian values. Destruction of nature and natural resources results from ignorance, greed, but lack of respect for the earth's living things. This lack of respect extends even to the earth's human descendants, the future generations who will inherit a vastly degraded planet if world peace doesn't become a reality and if destruction of the natural environment continues at the present rate.
Our ancestors viewed the earth as rich and bountiful, which it is. Many people in the past also saw nature as inexhaustibly sustainable, which we now know is the case only if we care for it. It is not difficult to forgive destruction in the past that resulted from ignorance. Today, however, we have access to more information. It is essential that we re-examine ethically what we have inherited, what we are responsible for, and what we will pass on to coming generations.
Clearly this is a pivotal generation. Global communication is possible, yet confrontations take place more often than meaningful dialogues for peace. Our marvels of science and technology are matched, if not outweighed, by many current tragedies, including human starvation in some parts of the world and extinction of other life forms. Exploration of outer space takes place at the same time the earth's own oceans,seas, and freshwater areas grow increasingly polluted, and their life forms are still largely unknown or misunderstood. Many of the earth's habitats, animals, plants, insects and even microorganisms that we know as rare my not be known at all by future generations.We have the capability and the responsibility. We must act before it is too late.
Universal Responsibility and the Environment [Part - A]
Excerpt from My Tibet by H.H. the fourteenth Dalai Lama
As a boy studying Buddhism, I was taught the importance of a caring attitude toward the environment. Our practice of nonviolence applies not just to human beings but to all sentient beings - any living things that has a mind. Where there is a mind, there are feelings such as pain, pleasure, and joy. No sentient being wants pain: all wants happiness instead. I believe that all sentient beings share those feelings at some basic level.
In Buddhism practice we get so used to this idea of non-violence and the ending of all suffering that we become accustomed to not harming or destroying anything indiscriminately. Although we do not believe that trees or flowers have minds, we treat them also with respect. Thus we share a sense of universal responsibility for both making and nature.
Our believe in reincarnations is one example of our concern for the future. If you think that you will be reborn, you are likely to say to yourself, I have to preserve such and such because my future reincarnation will be able to continue with these things. Even though there is a chance you may be reborn as a creature, perhaps even on a different planet, the idea of reincarnation gives you reason to have direct concern about this planet and future generations.
In the west when you speak of "humanity", you usually mean only our existing generation of human beings. Past humanity is already gone. The future, like death, has yet to come. Western ideas usually deal with the practical side of things for only this present generation of human beings.
Concern for the environment is not necessarily holy, nor does it always require compassion. We Buddhists express compassion for all sentient beings, but this compassion is not necessarily extended to every rock or tree or house. Most of us are somewhat concerned about our own house, but not really compassionate about it. We keep it in order so that we can live and be happy. We know that to have happy feelings in our house we must take care of it. So our feelings may be of concern rather than compassion.
Similarly, our planet is our house, and we must keep it in order and take care of it if we are genuinely concerned about happiness for ourselves, our children, our friends, and other sentient beings who share this great house with us. If we think of the planet as our house or as our mother - Mother Earth - we automatically feel concern for our environment. Today we understand that the future of humanity very much depends on our planet, and that the future of the planet very much depends on humanity. But this has not always been so clear to us. Until now, you see, Mother Earth has somehow tolerated sloppy house habits. But now human use, population, and technology have reached the stage's where Mother Earth no longer accepts our presence with silence.In the ways she is now telling us, "My children are behaving badly," she is warning us that there are limits to our actions.
Equality Myanmar ရန်ကုန်_ သုံးလတာ လူ့အခွင့်အရေးဆိုင်ရာသင်တန်းများအချိန်ဇယား၊ သင်တန်းဆရာနှင့် လူအခွင့်အရေးသင်တန်းတောင်းခံလွှာပုံစံများ
သို့
လေးစားရပါသောလူကြီးမင်းများ
Equality Myanmar သည် လူ့အခွင့်အရေးပညာပေးခြင်းကို လုပ်ဆောင်နေသောအဖွဲ့ဖြစ်သည်။ ၂၀၁၂ ခုနှစ်မှ စပြီး ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် သင်တန်း စင်တာများဖွင့်လှစ်ကာ လူထုအခြေပြုအဖွဲ့အစည်းများမှ တက်ကြွလှုပ်ရှားသူများ၊ နိုင်ငံရေးတက်ကြွလှုပ်ရှားသူများ၊ မြေယာအခွင့်အရေးဆိုင်ရာတက်ကြွလှုပ်ရှားသူများ၊ အမျိုးသမီးများ၊ ကျောင်းဆရာ ဆရာမများ၊ လူငယ်များနှင့် လိင်စိတ်ခံယူမှုကွဲပြားနေသူများ စသည့်အုပ်စုများကို ပူးပေါင်းပါဝင်သည့် သင်ကြားမှုနည်းစနစ်ကို အသုံးပြု၍ လူ့အခွင့်အရေးဆိုင်ရာအသိအမြင်တိုးတက်ရေးလုပ်ငန်းများကို လုပ်ဆောင်နေလျှက်ရှိပါသည်။
လူ့အခွင့်အရေးပညာပေးခြင်းဆိုင်ရာ ရက်တို၊ရက်ရှည်သင်တန်းများပို့ချပေးရုံသာမက ပညာပေးဆိုင်ရာ စာအုပ်စာတမ်းများနှင့် ပိုစတာများ ထုတ်ဝေခြင်း၊ လူ့အခွင့်အရေးစကားသံ တီဗွီအစီအစဉ်များ၊ ပညာပေးသီချင်းများ၊ ရုပ်မြင်သံကြား တေးဂီတသီချင်းများ၊  မှတ်တမ်းတင်ဇာတ်လမ်းများ၊ ပညာပေးကာတွန်းများ ထုတ် လုပ်ခြင်းတို့ဖြင့်လည်း အများပြည်သူလူထုအကြား လူ့အခွင့်အရေးဆိုင်ရာပညာပေးမှုများကိုလည်း လုပ်ဆောင်နေလျှက်ရှိပါသည်။
အဖွဲ့အနေဖြင့် လူ့အခွင့်အရေးပညာပေးသင်တန်းများကို တိုးမြှင့်လုပ်ဆောင်နိုင်ရန်အတွက်  ရန်ကုန်နှင့် မန္တလေးမြို့များတွင် ဖွင့်လှစ်ထားသော သင်တန်းခန်းမ များတွင် လူ့အခွင့်အရေးဆိုင်ရာ သင်တန်းများကို ပို့ချပေးနေပါသည်။ ထို့ကြောင့် လူ့အခွင့်အရေးကို စိတ်ဝင်စားသည့်သူများအနေနှင့် ထိုသင်တန်းခန်းမများတွင် ဖွင့်လှစ် မည့် သင်တန်းများကို တက်ရောက်ရန် အောက်ပါ ဇယားကွက်ရှိ အစီအစဉ်များအတိုင်း မိမိနှစ်သက်ရာ သင်တန်း၊ အချိန်၊  နေရာများကို ရွေးချယ်ပြီး လျှောက်ထားနိုင်ပါကြောင်း လေးစားစွာအသိပေး ကြေငြာအပ်ပါသည်။
ထို့အပြင် ရန်ကုန်နှင့် မန္တလေးမြို့များ၏ အနီးတ၀ိုက်ဒေသများမှ မိမိတို့အဖွဲ့အစည်းနှင့် ရပ်ရွာလူထုအတွက် အခွင့်အရေးဆိုင်ရာ အသိအမြင်ဖွင့် သင်တန်းများနှင့် သင်ကြားရေးမှုးများကိုလည်း မိတ်ဖက်ပူးပေါင်းဆောင်ရွက်မှု လုပ်ငန်းစဉ်များအဖြစ် ပြုလုပ်နိုင်ရန်အဆိုပြုလွှာများဖြင့် တင်သွင်းတောင်းခံနိုင်ပါသည်။ ထို့ကြောင့် အခွင့်အရေးဆိုင်ရာ သင်တန်းများနှင့် သင်တန်းနည်းပြများတောင်းခံလိုသော အဖွဲ့အစည်းများသည်လည်း ၄င်းနှင့် သက်ဆိုင်သော တောင်းခံလွှာများကို ဖြည့်စွက်ပြီး  မိမိတို့အဖွဲ့ထံ ပေးပို့၊ တင်သွင်းတောင်းခံနိုင်ပါကြောင်းကိုလည်း လေးစားစွာအသိပေး အကြောင်းကြားအပ်ပါသည်။
Equality Myanmar  ရန်ကုန်၊ သင်တန်းခန်းမ၌ ပြုလုပ်မည့် သုံးလတာ (ဇူလိုင် - စက်တင်ဘာလ ၂၀၁၃) အလုပ်ရုံဆွေးနွေးပွဲများနှင့် သင်တန်းများအစီအစဉ် အချိန်ဇယား
မှတ် စဉ်
ရက် သင်တန်းနှင့်
၃ ရက် အလုပ်ရုံဆွေးနွေးပွဲခေါင်းစဉ်များ
သင်တန်း ပြုလုပ်မည့် ရက်များ ဖောင် ပိတ် မည့်ရက် သင်တန်းရွေးချယ်ခံရသူကို အကြောင်းကြားမည့်ရက် ဦးတည် အုပ်စု
အခွင့်အရေး အခြေပြု ချဉ်းကပ်ခြင်း ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ
- ၄ ဇူလိုင် ၂၀၁၃ ၂၃ ဇွန် ၂၀၀၃ ၂၆ ဇွန် ၂၀၁၃ EM သင်တန်းတက်ရောက်ခဲ့ဖူးသူများ၊ HREIB ဆရာဖြစ်သင်တန်းဆင်းများ၊ EM သင်တန်းနည်းပြများ၊ လူထုအခြေပြုအဖွဲ့အစည်းများ နှင့် အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ၀န်ထမ်းများ
အခြေခံလူ့အခွင့်အရေးနှင့် LGBT အခွင့်အရေး ဆိုင်ရာ သင်တန်း
-၁၄ ဇူလိုင် ၂၀၁၃ ၂၈ ဇွန် ၂၀၀၃ ၄ ဇူလိုင် ၂၀၁၃ လိင်စိတ်ခံယူမှုကွဲပြားနေသူများရေး နှင့်ပတ်သက်ပြီး စိတ်ဝင်စားသူများ၊ တက်ကြွလှုပ်ရှားသူများ၊  (LGBT)
နိုင်ငံအားလုံး အလှည့်ကျ အစီအရင်ခံရသည့် လုပ်ငန်းစဉ် အလုပ်ရုံဆွေးနွေးပွဲ
Universal Periodic Review Workshop ( UPR  Workshop )
၂၅-၂၇ ဇူလိုင် ၂၀၁၃ ၁၆ ဇူလိုင် ၂၀၀၃ ၁၈ ဇူလိုင် ၂၀၁၃ EM သင်တန်းတက်ရောက်ခဲ့ဖူးသူများ၊ HREIB ဆရာဖြစ်သင်တန်းဆင်းများ၊ EM သင်တန်းနည်းပြများလူ့အခွင့် အရေးတက်ကြွလှုပ်ရှားသူများနှင့် လှုံ့ဆ်ာစည်းရုံးခြင်းလုပ်ဆောင် နေသော အဖွဲ့များမှ ၀န်ထမ်းများ
အခြေခံလူ့အခွင့်အရေးနှင့် အခွင့်အရေး အခြေပြု ချဉ်းကပ်ခြင်းဆိုင်ရာသင်တန်း
- ၁၁ သြဂုတ် ၂၀၁၃ ၂၈ သြဂုတ် ၂၀၀၃ ၃၁ သြဂုတ် ၂၀၁၃ လူထုအခြေပြုအဖွဲ့အစည်းများ၊ အစိုးရမဟုတ်သည့် အဖွဲ့အစည်းများမှ ၀န်ထမ်းများနှင့် ဖွံ့ဖြိုးရေးဆိုင်ရာလုပ် ငန်းများကို ဦးဆောင်လုပ်ကိုင်နေသူများ
လှုံဆော်စည်းရုံးခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ
 ၁၅- ၁၇ သြဂုတ်
၂၀၁၃
၈ သြဂုတ် ၂၀၀၃ ၁၃ သြဂုတ် ၂၀၁၃ EM သင်တန်းတက်ရောက်ခဲ့ဖူးသူများ၊ HREIB ဆရာဖြစ်သင်တန်းဆင်းများ၊ EM သင်တန်းနည်းပြများနှင့် လှုံ့ဆော်စည်းရုံးခြင်းလုပ်ငန်းလုပ် ဆောင်နေသော အဖွဲ့အစည်းများမှ ၀န်ထမ်းများ
လူ့အခွင့်အရေးနှင့် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်ဆိုင်ရာ သင်တန်း
Human Rights and Freedom of Expression
-၁၀ စက်တင်ဘာ ၂၀၁၃ ၂၉ သြဂုတ် ၂၀၁၃ ၂ စက်တင်ဘာ ၂၀၁၃ EMသင်တန်းတက်ရောက်ခဲ့ဖူးသူများ၊ HREIB ဆရာဖြစ်သင်တန်းဆင်းများ၊ EMသင်တန်းနည်းပြများ၊လှုံဆော်စည်းရုံးခြင်းလုပ်ငန်းလုပ်ဆောင်နေသော အဖွဲ့အစည်းများနှင့် သတင်းနှင့်မီဒီယာကဏ္ဍ တွင် လုပ်ကိုင်ဆောင်ရွက်နေသူများ
လွတ်လပ်စွာယုံကြည်ကိုးကွယ်ခွင့် ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ၂၅-၂၇ စက်တင်ဘာ ၂၀၁၃ ၁၇ စက်တင်ဘာ ၂၀၁၃ ၂၀ စက်တင်ဘာ ၂၀၁၃ EMသင်တန်းတက်ရောက်ခဲ့ဖူးသူများ၊ HREIB ဆရာဖြစ်သင်တန်းဆင်းများ၊ EMသင်တန်းနည်းပြများနှင့် ဘာသာရေးဆိုင်ရာ တက်ကြွလှုပ်ရှားသူများ
အထက်ပါသင်တန်းကိစ္စများနှင့်ပတ်သက်ပြီး  စုံစမ်းမေးမြန်းလိုပါက ရုံးဖုန်း ၀၁-၅၀၃၆၂၁၊ ၀၉- ၄၄၈၀၂၃၅၆၉ သို့မဟုတ် အီးမေးလ် equalitymyanmar.ygn@gmail.com သို့ တိုက်ရိုက် ဆက်သွယ်စုံစမ်းမေးမြန်းနိုင်ပါသည်။